Saturday, November 16, 2019

A witness out of the blue 2019

A witness out of the blue 2019 movie
'နောက်ကွယ်ကသက်သေ'
Translation - AyeWa
www.soulkingdom1.blogspot.com
mega link >>>
https://mega.nz/#!sVQWRCRB!ENBjE0rzoXTUS7e9fN9jZA-2xj71-7t-Bxrv0YoYhN4
ဇတ်လမ်းအကျဉ်း
ဒီဇတ်လမ်းဟာ ရဲစုံထောက်တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ သူက လက်နက်ကိုင် ဓားပြ
လူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့ကြိုးစားနေသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာက တစ်ဦးတည်းသော
သက်သေရယ်ဆိုလို့ ကြက်တူရွေးတစ်ကောင်ပဲရှိနေတယ်။
ဇတ်လမ်းမှာတော့...
တိုက်ခန်းတစ်ခုအတွင်းမှာ လူတစ်ယောက်သေဆုံးနေပါတယ်။ သူ့ရဲ့အလောင်းအနီးမှာ ကယ်တော်မူကြပါ
ကယ်တော်မူကြပါလို့ ထူးဆန်းတဲ့အော်သံကလေးမြည်နေပါတယ်။ အဲဒီ မှုခင်းဖြစ်ပွါးရာနေရာဆီကို
စုံထောက် Frank Lam နဲ့ သူ့ရဲ့အရာရှိဖြစ်သူ Yip Sir ရောက်ရှိလာပြီး တစ်ဦးတည်းသော
အသက်ရှင်ကျန်ရစ်သူနဲ့ မျက်မြင်သက်သေကို စုံစမ်းရှာဖွေဖွေကြပါတယ်။
Yip Sir သိရှိသွားတာကတော့ သေဆုံးသူ Henry Tsui ဟာ သူနဲ့ ဆိုးဖော်ဆိုးဖက် Suuny Wong ဆီမှာ
သတ်ဖြတ်ခြင်းကိုခံလိုက်ရတာဖြစ်တယ်။ သတ်ရတဲ့အကြောင်းကတော့ လွန်ခဲ့တဲ့တစ်လက
ဓားပြတိုက်ရာပါပစ္စည်းတွေကို ဝေစုခွဲကြရမှ ရန်ဖြစ်ရခြင်းပါပဲ။
Frank Lam နဲ့ Sunny Wong တို့တွေ့တော့ Sunny Wong ဟာ စွဲချက်အားလုံးကို ငြင်းဆန်တာတင်မဘူး
Yip Sir ကိုတောင်မှ လူသတ်သမားပါလို့ ပြန်လည်စွပ်စွဲလိုက်ပါသေးတယ်။
အဲဒီအခါမှာတော့ Frank အတွက် ဒီအမှုကို ဖော်ထုတ်ဖို့ဆိုအရေးမှာ အခင်းဖြစ်ပွါးတဲ့နေရာမှာ
ကျန်ရစ်ခဲ့တဲ့ လူသားမဟုတ်တဲ့ မျက်မြင်သက်သေ တိရိစ္ဆန်ကလေးကပဲ တစ်ခုတည်းသော
မျှော်လင့်ချက်ကလေးဖြစ်လာပါတော့တယ်။
ဒီကားကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ဟောင်ကောင်မှာ စတင်ရုံတင်ပါတယ်။
ရေးသားသူနဲ့ ဒါရိုက်တာကတော့ Fung Chih Chiang ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့
Louis Koo, Louis Cheung, Jessica Hsuan, Cherry Ngan, Philip Keung, Fiona Sit,
Patrick Tam, Andy On, Ling Man-Lung, Sam Lee, Deep Ng, Annie Liu, and Jacky Cai
တို့ဖြစ်ပါတယ်

No comments:

Post a Comment