hot-blooded youth(1)
ရူးရူးမိုက်မိုက်(1)
Translation -Zhao Lan Xin, Haymar,Myatpone Nya,Ye Naing Htoo
(soulkingdom1.blogspot.com)
mega link >>>
https://mega.nz/#!xB8WAYiT!nGSJ6nhjrLXcxrW-RkWCxEFYBFE7Lz4p_hUbpJx8WmU
ဇာတ်ကားနာမည် - ရူးရူးမိုက်မိုက်
အမျိုးအစား - တော်လှန်ရေး မျိုးချစ်စိတ် စစ်ဆင်ရေး စွန့်စားမှု အချစ် သံဃောစဉ်
အခုဒီဇာတ်ကားလေးကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ အတိတ်ကို ပြန်သွားသင့်သလောက်ပြန်သွားကြရပါမယ်။ ဒီအဖြစ်အပျက်တွေက ကျွန်တော်တို့နဲ့လုံးဝစိမ်းနေတာမျိုးတော့ မဟုတ်ပါဘူး။ကျွန်တော်တို့လည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတဲ့ သမိုင်းကြောင်းခေတ်ကာလတစ်ခုပါပဲ။
တရုတ်နိုင်ငံရဲ့ မငြိမ်မသက်ခေတ်ကာလ ရဲ့အချိန်တစ်ခု ကိုလိုနီ နိုင်ငံခြားနယ်ချဲ့အာဏာ သက်ရောက်စဉ် တိုင်းပြည်ဖရိုဖရဲ ဖြစ်စဉ်ကာလ ၁၉၁၂-၁၉၄၉ ကိုပြန်သွားကြရမှာပါ။
ခေတ်ကာလ အခြေအနေအရ ရှန်ဟိုင်းကို ခွဲဝေအုပ်ချုပ်ပုံစံနဲ့ နိုင်ငံခြားက အုပ်ချုပ်နေတာပါ။ဒါကဘာလဲဆိုရင် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ ၉၁ ဌာန အုပ်ချုပ်ရေးပေးသလိုပါပဲ။ အပြောပဲရှိပြီး တစ်ကယ့်ပါဝါက သူတို့ဆီမှာပါ။
သောင်းကျန်းသူ လက်နက်ကိုင်အုပ်စုတွေလည်းရှိနေပြီး မှုခင်းရာဇဝတ်မှုများပြား၊ တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့က ပါ လာဘ်စား နေတာကြောင့် မှုခင်းတွေကထိန်းမနိုင်သိမ်းမနိုင်၊ အခြေအနေတွေ ယိုယွင်းနေခဲ့တာပါ။
Wu Qian ဆိုတဲ့လူငယ်တစ်ယောက်ဟာ သူ့ရဲ့သူငယ်ချင်း Wei Cheng Feng ရဲ့ ငွေရေးကြေးရေး အခြေအနေ ကိုကူညီဖို့ ကြေးစားပြိုင်ပွဲတစ်ခုကိုဝင်ခဲ့ပါတယ်။ ကြေးကလည်းကြီးသလို ဆုကြေးကလည်းများတာမို့လို့ပါ။
ဒါပေမဲ့ ပြိုင်ပွဲဟာ သူထင်ထားသလို ဆုကြေးပြိုင်ပွဲမဟုတ်ပဲ တစ်ကယ်က ပြိင်ပွဲဆိုတာ အပေါ်ယံမျက်နှာဖုံးသက်သက်မှန်းသိလာခဲ့ပါတယ်။ ဒီကနေတစ်ဆင့် နိုင်ငံခြားကအုပ်ချုပ်သူတွေနဲ့ ရဲတပ်ဖွဲ့တွေရဲ့ အတွင်းရေးကိုသူသိလာခဲ့ပါတယ်။ထိုအချိန်မှာပဲ မျိုးချစ် မြေအောက် တစ်ကိုယ်တည်းလှုပ်ရှားသူ Hong Yi နဲ့တွေ့ဆုံခဲ့ပါတယ်။ Hong Hi ကနယ်ချဲ့တော်လှန်ရေးအောက်မြင်ဖို့ တိတ်တဆိတ်ကြိုးစားနေသူပါ။ဒီလိုနဲ့ သူတို့ပေါင်းမိပြီး တော်လှန်ရေးလုပ်ငန်းတွေအတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါတော့တယ်။
သူတို့ရဲ့တော်လှန်ရေး အခက်အခဲတွေ ခေတ်အခြေအနေတွေ နဲ့ သူတို့နှစ်ယောက်ကြားက သံဃောစဉ် တွေကိုပါ ကြည့်ရှုကြရမှာပါ။အပိုင်း 58 ပိုင်းပါရှိမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကို သိပြီဖြစ်တာကြောင့် နိုင်ငံရေး တော်လှန်ရေးဇာတ်ကားတွေ ကြိုက်သူတို့အဖို့ ကားကောင်းတစ်ကားဖြစ်မှာပါ။ အတူတကွ SK မှာ ကြည့်ရှုအားပေးကြရအောင်။
YeYint
No comments:
Post a Comment